Sunday, June 4, 2017

Unfortunately app has stopped; errors (8)မျိုး

Unfortunately app has stopped' errors (8)မျိုး
ပုံနဲ့ တော့မပြ ပါ
Android စမတ်ဖုန်းတွေမှာ ဖြစ်လေ့ရှိတဲ့ 'Unfortunately app has stopped' errors ဖြေရှင်းနည်း (၈) မျိုး

ကျနော်တို့နေ့စဉ်အမျှအသုံးပြုနေကြရတဲ့ စမတ်ဖုန်းတွေမှာ
တစ်ခါတရံ ဖုန်းက အသုံးပြုနေရင်းကနေ တအားလေးလာပီးတော့
ဖုန်းမှာ battry အစားမြန်လာတာ၊ အချို့သော Application တွေကို
 SD ကဒ်ထဲ back up လုပ်သိမ်းပီးမှပြန် install တဲ့အခါ
'Unfortunately app has stopped' ပေါ်လာပြီးတော့ Apk တွေကို
Install ပြုလုပ်မရတာမျိုးဖြစ်တတ်ပါတယ်။

သက်ဆိုင်ရာ Apk ကို play store ကနေ download ရယူပြီး inatall ပြုလုပ်ရင်တော့
အဆင်ပြေနေပြီး၊ Bluetooth/zapya တို့နဲ့ ပို့တဲ့ file တွေဘာတခုမှ ကြည့်လို့မရပဲ install လုပ်ပြန်တော့လည်း အဆင်မပြေတာတွေဖြစ်နေတတ်ပါတယ်။

ဒီအတွက် 'Unfortunately app has stopped' ဆိုတဲ့ errors ကို
အလွယ်တကူဖြေရှင်းနည်းကို အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 'Unfortunately app has stopped' errors ဖြေရှင်းနည်း
============================
ဖြေရှင်းနည်းကတော့ သိပြီးသားသူတွေအတွက်အခက်ကြီးမဟုတ်ပေမယ့် မလုပ်ဖူးသေးတဲ့သူတွေအတွက်တော့နည်းလမ်းပေါင်းများစွာရှိပါတယ်။

အဲဒီအထဲကမှ သမားရိုးကျအတိုင်းဖြေရှင်းနည်းကတော့
(၈) မျိုးတောင်ရှိပါတယ်။ တစ်ခုချင်းစီကိုလေ့လာကြည့်လိုက်ပါ၊ ကျနော်ကတော့အဆင်ပြေမယ့်ပုံတွေကိုပဲပြပေးသွားမှာပါ။

ဒါပေမယ့် ဒီနည်းလမ်းအားလုံးဟာစမတ်ဖုန်းတိုင်းမှာ ဖြေရှင်းနည်းကအတူတူပဲဆိုတာကိုသိထားရမှာဖြစ်ပါတယ်။

Software ကို Update လုပ်ပြီးသုံးပါ (နည်းလမ်း ၁)
==========================
'Unfortunately app has stopped' errors ဖြေရှင်းနိုင်ဖို့
ပထမဆုံးနည်းလမ်းကတော့ မိမိအသုံးပြုလိုတဲ့
App ကို Update ပြုလုပ်ပြီးအသုံးပြုခြင်းပါပဲ။

Compatibility လို့ခေါ်တဲ့ မိမိဖုန်းနဲ့ အသုံးပြုမယ့် Software ဗားရှင်းနဲ့ ကိုက်ညီမှု
အံဝင်ခွင်ကျမဖြစ်တာမျိုး၊ အသုံးပြုမယ့် App က out dated ဖြစ်နေတာမျိုး၊

အဲဒီအခါမျိုးမှာ အကောင်းဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့
မိမိအသုံးပြုလိုတဲ့ Software app ကို Official ကနေ အထူးသဖြင့်
Play Store မှာ Update ပြုလုပ်ပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။

Software ကိုပြန်လည် Re-install ပြုလုပ်ပေးခြင်း (နည်းလမ်း ၂)
=================================
“Unfortunately, the app has stopped” error ကိုဖြေရှင်းနိုင်မယ့်
ဒုတိယနည်းလမ်းကတော့ Install လုပ်မရတဲ့ဆော့ဝဲအဟောင်းကို un-install ပြုလ်ုပပြီး
မိမိအသုံးပြုလိုတဲ့ Software app ကိုပြန်လည် Re-install ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

၁။ Google Play ကိုဖွင့်လိုက်ပါ။
၂။ ဖုန်း Menu ရဲ့ဘယ်ဘက်ကိုတစ်ချက်နှိပ်လိုက်ပါ၊
ပေါ်လာတဲ့ စာတန်းတွေထဲမှ My Apps ဆိုတာကိုထပ်နှိပ်လိုက်ပါ။
၃။ “unfortunately app has stopped” error ပြနေတဲ့ဆော့ဝဲကိုလိုက်ရှာပါ။
၄။ Uninstall လုပ်ပေးလိုက်ပါ၊ အချိန်အနည်းငယ်ကြာပါမည်။
၅။ ပြီးရင် Software ကို ပြန်လည် Install ပြုလုပ်ပေးလိုက်ပါ။

 Clear Cache ကို ပြုလုပ်ပေးရမည် (နည်းလမ်း ၃)
=========================
“Unfortunately, the app has stopped” error ကိုဖြေရှင်းနိုင်မယ့်
တစ်ခြားနည်းလမ်းတစ်ခုကတော့ Clear Cache ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
အခက်ကြီးတော့မဟုတ်ပါ တစ်ခါလောက်လုပ်ဖူးသွားရင်တော့ ဒီလိုပြသနာ
ကြုံလာတိုင်း ဒီနည်းလမ်းအတိုင်းအလွယ်တကူဖြေရှင်းပေးနိုင်မှာပဲဖြစ်ပါတယ်။

၁။ Settings > Applications > Manage Applications ကိုသွားလိုက်ပါ။
၂။ All ဆိုတာကိုဆက်နှိပ်သွားလိုက်ပါ။
၃။ အဆင်မပြေဖြစ်နေတဲ့ Software app ကိုတစ်ချက်နှိပ်လိုက်ပါ။
၄။ “Clear Data and Clear Cache” ကိုတစ်ခုချင်းစီကိုနှိပ်ပေးလိုက်ပါ။
၅။ ပြီးရင် ဖုန်းကို Restart ချပေးလိုက်ပါ။

အောက်မှာကျနော် Galaxy S4 ဖုန်းဖြင့် ပြပေးထားပါတယ်၊
လေ့လာကြည့်လိုက်ပါစာတော့မရေးနေတော့ပါပုံတွေကိုကြည့်ပါ။

 “Google Play store” ပြသနာကိုဖြေရှင်းနည်း
========================
တကယ်လို့ “Google Play store” ပြသနာတက်နေရင်လည်း
ဒီနည်းအတိုင်းပဲ Settings > Applications > Manage Applications ကိုနှိပ်
All ဆိုတာကိုရွေ့၊ “Google Play store” ဆိုတာကိုနှိပ်၊
“Clear Data and Clear Cache” ကိုတစ်ခုချင်းစီကိုနှိပ်ပေးလိုက်ပါ။
ပြီးရင် ဖုန်းကို Restart ချပေးလိုက်ပါ။

အသစ် Install ပြုလုပ်ထားတဲ့ App ကိုပယ်ဖျက်နည်း (နည်းလမ်း ၄)
=================================
ဒီနည်းလမ်းသာ အင်္ဂလိပ်လိုက Android Error 492 လည်းဖြစ်သလို
ပြီးတော့ Uninstall Newly Installed Apps ဆိုပြီးတော့လည်းသုံးနှုန်းလို့ရမယ်ထင်ပါတယ်။

ဒီနည်းလမ်းအတိုင်းဖြေရှင်းမယ်ဆိုရင်တော့ အဖြစ်များလေ့ရှိတဲ့ App ကတော့
Google Play Store ဖြစ်ပါတယ်။ ဒီတော့ Google Play Store နဲ့ပတ်သက်ပြီး ဖြစ်လေ့ရှိတဲ့
Error 492 ဆိုတာဘာလဲ၊ Android Error 492 ဆိုတာကတော့ ပြမ်းမျှအားဖြင့်ပြောရရင်တော့
အဖြေရှာရခက်ခဲတဲ့ Gadget ပြသနာမျိုးဖြစ်ပါတယ်။

အဲဒီပြသနာကိုဖြေရှင်းပေးနိုင်တာကတော့ နည်းလမ်း ၃ ခုရှိပါတယ်၊
ဆော့ဝဲကို Re-install ပြုလုပ်တာ Clear Cache ပြုလုပ်ပေးတာ၊
External SD ကို Format ချပေးရမှာပဲဖြစ်ပါတယ်။

RAM ကိုသန့်ရှင်းရေးလုပ်ပေးခြင်း (နည်းလမ်း ၅)
=========================
Android စမတ်ဖုန်းတွေမှာ “Unfortunately, the app has stopped” ဆိုတဲ့ Error ဖြေရှင်းပေးနိုင်တဲ့
နည်းလမ်းတွေထဲမှာ RAM ကိုသန်ရှင်းရေးပြုလုပ်ပေးခြင်းလည်းပါဝင်နေတာဖြစ်ပါတယ်။
App တွေကို Install ပြုလုပ်တဲ့အခါ RAM ကိုသာအဓိက Background အနေဖြင့်
အသုံးပြုလေ့ရှိတာမို့ တစ်ကြိမ်မဟုတ်တဲ့ Error တွေဟာ RAM ၏
စွမ်းဆောင်ရည်ကျစေနိုင်တာကြောင့် RAM ကိုသန့်ရှင်းရေးလုပ်ပေးရမှာပဲဖြစ်ပါတယ်။

Setting>Task Manager>RAM>Clear Memory ဆိုပြီးနှိပ်ပေးလိုက်ရုံပါပဲ။

Soft Reset တစ်ခုပြုလုပ်ပေးခြင်း (နည်းလမ်း ၆)
=========================
စမတ်ဖုန်းတွေအတွက် “Unfortunately, the app has stopped” ဆိုတဲ့
Error ဖြေရှင်းပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ Soft Reset တစ်ခုပြုလုပ်ပေးခြင်းဖြစ်ပါတယ်။


Soft Reset ဆိုတာကတော့ a restart of a device ပါပဲ၊
smartphone, tablet, laptop or personal computer များမှ
Software ကြောင့်ပြသနာတက်လာပြီဆိုရင်တော့ သက်ဆိုင်ရာ
စမတ်ဖုန်း Tablet/laptop or computer များကို Restart ချပေးရခြင်းဖြစ်ပါတယ်။

Soft Reset ပြုလုပ်ဖို့က စမတ်ဖုန်းတိုင်းရဲ့ System Method ကကွာခြားနိုင်ကြပါတယ်၊
 ဘာလို့လဲဆိုတော့ တည်ဆောက်ထားတဲ့ Platform ကမတူညီတာကြောင့်ရယ်၊
 ပြီးတော့ ဖွဲ့စည်းထားပေးတဲ့ ဖုန်းတစ်လုံးနဲ့တစ်လုံးရဲ့ Restart Option
 ကမတူညီတာကြောင့်ပဲဖြစ်ပါတယ်။

ပြမ်းမျှအားဖြင့်ပြောရရင်တော့ Soft Reset ပြုလုပ်ပေးနိုင်တာ နည်းလမ်း နှစ်ခုပဲရှိနိုင်ပါတယ်။။
အချို့သောဖုန်းတွေမှာ Soft Reset ပြုလုပ်ဖို့ရန်အတွက် ဖုန်းပါဝါကိုပိတ်လိုက်ပြီး ပြန်လည်ဖွင့်အသုံးပြုနိုင်တာ။ အချို့သောဖုန်းတွေမှာ Battery ကိုဖြုတ်ပြီးမှ Soft Reset တစ်ခုပြုလုပ်ပေးနိုင်တာဆိုပြီး နည်းလမ်းနှစ်ခုဖြင့် Soft Reset ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။

Soft Reset ကအောက်ပါ ပြသနာများကိုဖြေရှင်းပေးနိုင်ပါတယ်
==========================
Not receiving messages, both text and picture messages.
Cannot receive calls.
Cannot make calls.
Lag or sluggishness.
Not receiving emails.
Cannot send files.
Audio issues.
Incorrect settings.
Incorrect time being displayed.
Responsive issues with touch screens or when navigating the phone.
Network related issues.
Minor software related issues.
And many more minor issues can be solved by Soft Resetting a mobile phone.

Factory Reset ပြုလုပ်ပေးခြင်း (နည်းလမ်း ၇)
========================
  “Unfortunately, the app has stopped” ဆိုတဲ့ Error ဖြေရှင်းပေးနိုင်တဲ့
နောက်ထပ်ဖြေရှင်းနည်းတစ်ခုကတော့ Factory Reset တစ်ခုပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ Factory Reset ချပေးခြင်းနဲ့ပတ်သက်ပြီးတော့
ကျနော်လေ့လာမိသလောက်ဆိုရင် သုံးနည်းရှိပါတယ်။

၁။ Keypad ကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း၊
၂။ Setting ကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း။
၃။ Hardware Button များကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း။

အထက်ပါနည်းလမ်းများသည် စမတ်ဖုန်းများအတွက် တကယ့် Practical ကျတဲ့
ဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။ ဖုန်းတစ်လုံးဟာ ဘာမှလုပ်မရတော့တဲ့အခါ
ဒီ Fastory Reset တစ်ခုကိုနောက်ဆုံးအနေဖြင့် ပြုလုပ်ပေးသင့်ပါတယ်။

၁။ Keypad ကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း၊
=========================
Keypad ကိုအသုံးပြုပြီး Reset ပြုလုပ်ပေးနိုင်တဲ့ Device တွေထဲမှာတော့
Samsung ကပိုအဆင်ပြေတာများပါတယ်၊ ဒီ Kepad ဖြင့်
Soft Reset & Hard Reset ကိုအသုံးပြုနိုင်ပါတယ်၊

Factory Soft Reset အတွက်ဆိုရင်
*#*#7780#*#* or *#7780# ဆိုပြီး Keypad မှာရိုက်ထည့်ပေးလိုက်ရုံပါပဲ၊
သူ့အလိုလို ဖုန်းက Soft Reset တစ်ခုကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Hard Reset အတွက်ဆိုရင်
င်္Rom frmware က Default settings အနေအထားမျိုးဆိုရင်တော့
*2767*3855# ဆိုပြီးရိုက်ထည့်ပေးလိုက်ရုံဖြင့် ဖုန်းကသူ့လိုလို
 hard Reset တစ်ခုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

(မှတ်ချက်-ဖုန်းအလုံးတိုင်းအဆင်မပြေနိုင်ပါ)

၂။ Setting ကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း
  ==========================
ဒီနည်းလမ်းကိုတော့လုံးအသုံးပြုဖူးကြမယ်ထင်ပါတယ် ဒါပေမယ့်
 ဖုန်းအမျိုးအစားလိုက် Setting တွေကတော့ ကွာခြားနေကြမှာပဲဖြစ်ပါတယ်။
ဗားရှင်းအနိမ့်ကပုံစံတစ်မျိုးဖြစ်သလို၊ဗားရှင်းအမြင့်ကတော့
 Reset ပြုလုပ်ရတာပုံစံတစ်မျိုးဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်အားလုံးနီးပါးကတော့တူညီကြပါတယ်။

၃။ Hardware Button များကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း
================================
ဒီတစ်ခါ Factory Reset တစ်ခုပြုလုပ်ဖို့ရန်အတွက် Hardware Button များကို
အသုံးပြုပြီး Reset ချပေးနိုင်ပါတယ်၊ Samsung Device တိုင်းမှာ Recovery Mode ကနေ
အလွယ်တကူပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒီနေရာမှာလည်း Factory Reset မပြုလုပ်မှီ
Wipe cache partition & Wipe data/factory reset ဆိုပြီး
နှစ်မျိုးဖြစ်တဲ့အတွက် ပထမဆုံးပြုလုပ်ပေးရမှာက Wipe cache partition ဖြစ်ပါတယ်။

Data factory reset ပြုလုပ်တော့မယ်ဆိုရင်
အရင်ဦးဆုံးလုပ်ပေးရမယ့်အပ်ိုင်းလည်းဖြစ်ပါတယ်။

"Wipe cache partition" ပြုလုပ်ပေးခြင်း
====================
၁။ ဖုန်းကိုပါဝါပိတ်လိုက်ပါ
၂။ Volume Up, Home and Power buttons များကို
တစ်ပြိုင်တည်းတွဲနှိပ်ထားပါ၊
၃။ အောက်ပါပုံအတိုင်း Recovery Mode ကိုရောက်သွားပါလိမ့်မယ်။

၄။ အောက်သို့ဆင်းရန် Vo+Down ကိုနှိပ်ပါ၊ အပေါ်သို့တက်ရန်
Vo+Up ကိုနှိပ်ပါ၊ အတည်ပြုရန်အတွက် ပါဝါကီးကိုနှိပ်ပါ။
၅။ “wipe cache partition” ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပါ။
၆။ Yes...Wipe Cache....ဆိုတာကိုနှိပ်ပေးလိုက်ရုံပါပဲ။

Wipe data/factory Reset ပြုလုပ်ပေးခြင်း
======================
Factory Reset ချပေးရန်အတွက် “wipe cache partition” ကိုအရင်ဦးဆုံး
ရှင်းထုတ်ပြီးတဲ့နောက် Wipe data/factory Reset ပြုလုပ်ပေးရတော့မှာဖြစ်ပါတယ်။

ဒီအတွက်လည်းအရမ်းလွယ်ကူပါတယ်၊ တစ်ခါလောက်လုပ်ဖူးတယ်ဆိုရင်ပဲ
နောက်နောင်လည်းဒီအတိုင်းပဲဆိုတာကိုသဘောပေါက်နိုင်ပါတယ်။

၁။ ဖုန်းကိုပါဝါပိတ်လိုက်ပါ
၂။ Volume Up, Home and Power buttons များကို
တစ်ပြိုင်တည်းတွဲနှိပ်ထားပါ၊
၃။ Recovery Mode ကိုရောက်သွားပါလိမ့်မယ်။

၄။ အောက်သို့ဆင်းရန် Vo+Down ကိုနှိပ်ပါ၊ အပေါ်သို့တက်ရန်
Vo+Up ကိုနှိပ်ပါ၊ အတည်ပြုရန်အတွက် ပါဝါကီးကိုနှိပ်ပါ။
၅။ Wipe data/factory Reset နေရာကိုသွားပြီးတစ်ချက်နှိပ်ပါ။
၆။ Yes...Delete to all user... ပါတဲ့နေရာကိုရွေ့ပြီး နှိပ်ပေးလိုက်ရုံပါပဲ။

Hard Reset တစ်ခုပြုလုပ်ပြီးတဲ့နောက်မှာ အောက်ပါ
အကျိုးရလာဒ်များကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Credit : thu rain

No comments:

Post a Comment