Sunday, June 4, 2017

Unfortunately app has stopped; errors (8)မျိုး

Unfortunately app has stopped' errors (8)မျိုး
ပုံနဲ့ တော့မပြ ပါ
Android စမတ်ဖုန်းတွေမှာ ဖြစ်လေ့ရှိတဲ့ 'Unfortunately app has stopped' errors ဖြေရှင်းနည်း (၈) မျိုး

ကျနော်တို့နေ့စဉ်အမျှအသုံးပြုနေကြရတဲ့ စမတ်ဖုန်းတွေမှာ
တစ်ခါတရံ ဖုန်းက အသုံးပြုနေရင်းကနေ တအားလေးလာပီးတော့
ဖုန်းမှာ battry အစားမြန်လာတာ၊ အချို့သော Application တွေကို
 SD ကဒ်ထဲ back up လုပ်သိမ်းပီးမှပြန် install တဲ့အခါ
'Unfortunately app has stopped' ပေါ်လာပြီးတော့ Apk တွေကို
Install ပြုလုပ်မရတာမျိုးဖြစ်တတ်ပါတယ်။

သက်ဆိုင်ရာ Apk ကို play store ကနေ download ရယူပြီး inatall ပြုလုပ်ရင်တော့
အဆင်ပြေနေပြီး၊ Bluetooth/zapya တို့နဲ့ ပို့တဲ့ file တွေဘာတခုမှ ကြည့်လို့မရပဲ install လုပ်ပြန်တော့လည်း အဆင်မပြေတာတွေဖြစ်နေတတ်ပါတယ်။

ဒီအတွက် 'Unfortunately app has stopped' ဆိုတဲ့ errors ကို
အလွယ်တကူဖြေရှင်းနည်းကို အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 'Unfortunately app has stopped' errors ဖြေရှင်းနည်း
============================
ဖြေရှင်းနည်းကတော့ သိပြီးသားသူတွေအတွက်အခက်ကြီးမဟုတ်ပေမယ့် မလုပ်ဖူးသေးတဲ့သူတွေအတွက်တော့နည်းလမ်းပေါင်းများစွာရှိပါတယ်။

အဲဒီအထဲကမှ သမားရိုးကျအတိုင်းဖြေရှင်းနည်းကတော့
(၈) မျိုးတောင်ရှိပါတယ်။ တစ်ခုချင်းစီကိုလေ့လာကြည့်လိုက်ပါ၊ ကျနော်ကတော့အဆင်ပြေမယ့်ပုံတွေကိုပဲပြပေးသွားမှာပါ။

ဒါပေမယ့် ဒီနည်းလမ်းအားလုံးဟာစမတ်ဖုန်းတိုင်းမှာ ဖြေရှင်းနည်းကအတူတူပဲဆိုတာကိုသိထားရမှာဖြစ်ပါတယ်။

Software ကို Update လုပ်ပြီးသုံးပါ (နည်းလမ်း ၁)
==========================
'Unfortunately app has stopped' errors ဖြေရှင်းနိုင်ဖို့
ပထမဆုံးနည်းလမ်းကတော့ မိမိအသုံးပြုလိုတဲ့
App ကို Update ပြုလုပ်ပြီးအသုံးပြုခြင်းပါပဲ။

Compatibility လို့ခေါ်တဲ့ မိမိဖုန်းနဲ့ အသုံးပြုမယ့် Software ဗားရှင်းနဲ့ ကိုက်ညီမှု
အံဝင်ခွင်ကျမဖြစ်တာမျိုး၊ အသုံးပြုမယ့် App က out dated ဖြစ်နေတာမျိုး၊

အဲဒီအခါမျိုးမှာ အကောင်းဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့
မိမိအသုံးပြုလိုတဲ့ Software app ကို Official ကနေ အထူးသဖြင့်
Play Store မှာ Update ပြုလုပ်ပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။

Software ကိုပြန်လည် Re-install ပြုလုပ်ပေးခြင်း (နည်းလမ်း ၂)
=================================
“Unfortunately, the app has stopped” error ကိုဖြေရှင်းနိုင်မယ့်
ဒုတိယနည်းလမ်းကတော့ Install လုပ်မရတဲ့ဆော့ဝဲအဟောင်းကို un-install ပြုလ်ုပပြီး
မိမိအသုံးပြုလိုတဲ့ Software app ကိုပြန်လည် Re-install ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

၁။ Google Play ကိုဖွင့်လိုက်ပါ။
၂။ ဖုန်း Menu ရဲ့ဘယ်ဘက်ကိုတစ်ချက်နှိပ်လိုက်ပါ၊
ပေါ်လာတဲ့ စာတန်းတွေထဲမှ My Apps ဆိုတာကိုထပ်နှိပ်လိုက်ပါ။
၃။ “unfortunately app has stopped” error ပြနေတဲ့ဆော့ဝဲကိုလိုက်ရှာပါ။
၄။ Uninstall လုပ်ပေးလိုက်ပါ၊ အချိန်အနည်းငယ်ကြာပါမည်။
၅။ ပြီးရင် Software ကို ပြန်လည် Install ပြုလုပ်ပေးလိုက်ပါ။

 Clear Cache ကို ပြုလုပ်ပေးရမည် (နည်းလမ်း ၃)
=========================
“Unfortunately, the app has stopped” error ကိုဖြေရှင်းနိုင်မယ့်
တစ်ခြားနည်းလမ်းတစ်ခုကတော့ Clear Cache ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
အခက်ကြီးတော့မဟုတ်ပါ တစ်ခါလောက်လုပ်ဖူးသွားရင်တော့ ဒီလိုပြသနာ
ကြုံလာတိုင်း ဒီနည်းလမ်းအတိုင်းအလွယ်တကူဖြေရှင်းပေးနိုင်မှာပဲဖြစ်ပါတယ်။

၁။ Settings > Applications > Manage Applications ကိုသွားလိုက်ပါ။
၂။ All ဆိုတာကိုဆက်နှိပ်သွားလိုက်ပါ။
၃။ အဆင်မပြေဖြစ်နေတဲ့ Software app ကိုတစ်ချက်နှိပ်လိုက်ပါ။
၄။ “Clear Data and Clear Cache” ကိုတစ်ခုချင်းစီကိုနှိပ်ပေးလိုက်ပါ။
၅။ ပြီးရင် ဖုန်းကို Restart ချပေးလိုက်ပါ။

အောက်မှာကျနော် Galaxy S4 ဖုန်းဖြင့် ပြပေးထားပါတယ်၊
လေ့လာကြည့်လိုက်ပါစာတော့မရေးနေတော့ပါပုံတွေကိုကြည့်ပါ။

 “Google Play store” ပြသနာကိုဖြေရှင်းနည်း
========================
တကယ်လို့ “Google Play store” ပြသနာတက်နေရင်လည်း
ဒီနည်းအတိုင်းပဲ Settings > Applications > Manage Applications ကိုနှိပ်
All ဆိုတာကိုရွေ့၊ “Google Play store” ဆိုတာကိုနှိပ်၊
“Clear Data and Clear Cache” ကိုတစ်ခုချင်းစီကိုနှိပ်ပေးလိုက်ပါ။
ပြီးရင် ဖုန်းကို Restart ချပေးလိုက်ပါ။

အသစ် Install ပြုလုပ်ထားတဲ့ App ကိုပယ်ဖျက်နည်း (နည်းလမ်း ၄)
=================================
ဒီနည်းလမ်းသာ အင်္ဂလိပ်လိုက Android Error 492 လည်းဖြစ်သလို
ပြီးတော့ Uninstall Newly Installed Apps ဆိုပြီးတော့လည်းသုံးနှုန်းလို့ရမယ်ထင်ပါတယ်။

ဒီနည်းလမ်းအတိုင်းဖြေရှင်းမယ်ဆိုရင်တော့ အဖြစ်များလေ့ရှိတဲ့ App ကတော့
Google Play Store ဖြစ်ပါတယ်။ ဒီတော့ Google Play Store နဲ့ပတ်သက်ပြီး ဖြစ်လေ့ရှိတဲ့
Error 492 ဆိုတာဘာလဲ၊ Android Error 492 ဆိုတာကတော့ ပြမ်းမျှအားဖြင့်ပြောရရင်တော့
အဖြေရှာရခက်ခဲတဲ့ Gadget ပြသနာမျိုးဖြစ်ပါတယ်။

အဲဒီပြသနာကိုဖြေရှင်းပေးနိုင်တာကတော့ နည်းလမ်း ၃ ခုရှိပါတယ်၊
ဆော့ဝဲကို Re-install ပြုလုပ်တာ Clear Cache ပြုလုပ်ပေးတာ၊
External SD ကို Format ချပေးရမှာပဲဖြစ်ပါတယ်။

RAM ကိုသန့်ရှင်းရေးလုပ်ပေးခြင်း (နည်းလမ်း ၅)
=========================
Android စမတ်ဖုန်းတွေမှာ “Unfortunately, the app has stopped” ဆိုတဲ့ Error ဖြေရှင်းပေးနိုင်တဲ့
နည်းလမ်းတွေထဲမှာ RAM ကိုသန်ရှင်းရေးပြုလုပ်ပေးခြင်းလည်းပါဝင်နေတာဖြစ်ပါတယ်။
App တွေကို Install ပြုလုပ်တဲ့အခါ RAM ကိုသာအဓိက Background အနေဖြင့်
အသုံးပြုလေ့ရှိတာမို့ တစ်ကြိမ်မဟုတ်တဲ့ Error တွေဟာ RAM ၏
စွမ်းဆောင်ရည်ကျစေနိုင်တာကြောင့် RAM ကိုသန့်ရှင်းရေးလုပ်ပေးရမှာပဲဖြစ်ပါတယ်။

Setting>Task Manager>RAM>Clear Memory ဆိုပြီးနှိပ်ပေးလိုက်ရုံပါပဲ။

Soft Reset တစ်ခုပြုလုပ်ပေးခြင်း (နည်းလမ်း ၆)
=========================
စမတ်ဖုန်းတွေအတွက် “Unfortunately, the app has stopped” ဆိုတဲ့
Error ဖြေရှင်းပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ Soft Reset တစ်ခုပြုလုပ်ပေးခြင်းဖြစ်ပါတယ်။


Soft Reset ဆိုတာကတော့ a restart of a device ပါပဲ၊
smartphone, tablet, laptop or personal computer များမှ
Software ကြောင့်ပြသနာတက်လာပြီဆိုရင်တော့ သက်ဆိုင်ရာ
စမတ်ဖုန်း Tablet/laptop or computer များကို Restart ချပေးရခြင်းဖြစ်ပါတယ်။

Soft Reset ပြုလုပ်ဖို့က စမတ်ဖုန်းတိုင်းရဲ့ System Method ကကွာခြားနိုင်ကြပါတယ်၊
 ဘာလို့လဲဆိုတော့ တည်ဆောက်ထားတဲ့ Platform ကမတူညီတာကြောင့်ရယ်၊
 ပြီးတော့ ဖွဲ့စည်းထားပေးတဲ့ ဖုန်းတစ်လုံးနဲ့တစ်လုံးရဲ့ Restart Option
 ကမတူညီတာကြောင့်ပဲဖြစ်ပါတယ်။

ပြမ်းမျှအားဖြင့်ပြောရရင်တော့ Soft Reset ပြုလုပ်ပေးနိုင်တာ နည်းလမ်း နှစ်ခုပဲရှိနိုင်ပါတယ်။။
အချို့သောဖုန်းတွေမှာ Soft Reset ပြုလုပ်ဖို့ရန်အတွက် ဖုန်းပါဝါကိုပိတ်လိုက်ပြီး ပြန်လည်ဖွင့်အသုံးပြုနိုင်တာ။ အချို့သောဖုန်းတွေမှာ Battery ကိုဖြုတ်ပြီးမှ Soft Reset တစ်ခုပြုလုပ်ပေးနိုင်တာဆိုပြီး နည်းလမ်းနှစ်ခုဖြင့် Soft Reset ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။

Soft Reset ကအောက်ပါ ပြသနာများကိုဖြေရှင်းပေးနိုင်ပါတယ်
==========================
Not receiving messages, both text and picture messages.
Cannot receive calls.
Cannot make calls.
Lag or sluggishness.
Not receiving emails.
Cannot send files.
Audio issues.
Incorrect settings.
Incorrect time being displayed.
Responsive issues with touch screens or when navigating the phone.
Network related issues.
Minor software related issues.
And many more minor issues can be solved by Soft Resetting a mobile phone.

Factory Reset ပြုလုပ်ပေးခြင်း (နည်းလမ်း ၇)
========================
  “Unfortunately, the app has stopped” ဆိုတဲ့ Error ဖြေရှင်းပေးနိုင်တဲ့
နောက်ထပ်ဖြေရှင်းနည်းတစ်ခုကတော့ Factory Reset တစ်ခုပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ Factory Reset ချပေးခြင်းနဲ့ပတ်သက်ပြီးတော့
ကျနော်လေ့လာမိသလောက်ဆိုရင် သုံးနည်းရှိပါတယ်။

၁။ Keypad ကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း၊
၂။ Setting ကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း။
၃။ Hardware Button များကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း။

အထက်ပါနည်းလမ်းများသည် စမတ်ဖုန်းများအတွက် တကယ့် Practical ကျတဲ့
ဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။ ဖုန်းတစ်လုံးဟာ ဘာမှလုပ်မရတော့တဲ့အခါ
ဒီ Fastory Reset တစ်ခုကိုနောက်ဆုံးအနေဖြင့် ပြုလုပ်ပေးသင့်ပါတယ်။

၁။ Keypad ကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း၊
=========================
Keypad ကိုအသုံးပြုပြီး Reset ပြုလုပ်ပေးနိုင်တဲ့ Device တွေထဲမှာတော့
Samsung ကပိုအဆင်ပြေတာများပါတယ်၊ ဒီ Kepad ဖြင့်
Soft Reset & Hard Reset ကိုအသုံးပြုနိုင်ပါတယ်၊

Factory Soft Reset အတွက်ဆိုရင်
*#*#7780#*#* or *#7780# ဆိုပြီး Keypad မှာရိုက်ထည့်ပေးလိုက်ရုံပါပဲ၊
သူ့အလိုလို ဖုန်းက Soft Reset တစ်ခုကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Hard Reset အတွက်ဆိုရင်
င်္Rom frmware က Default settings အနေအထားမျိုးဆိုရင်တော့
*2767*3855# ဆိုပြီးရိုက်ထည့်ပေးလိုက်ရုံဖြင့် ဖုန်းကသူ့လိုလို
 hard Reset တစ်ခုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

(မှတ်ချက်-ဖုန်းအလုံးတိုင်းအဆင်မပြေနိုင်ပါ)

၂။ Setting ကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း
  ==========================
ဒီနည်းလမ်းကိုတော့လုံးအသုံးပြုဖူးကြမယ်ထင်ပါတယ် ဒါပေမယ့်
 ဖုန်းအမျိုးအစားလိုက် Setting တွေကတော့ ကွာခြားနေကြမှာပဲဖြစ်ပါတယ်။
ဗားရှင်းအနိမ့်ကပုံစံတစ်မျိုးဖြစ်သလို၊ဗားရှင်းအမြင့်ကတော့
 Reset ပြုလုပ်ရတာပုံစံတစ်မျိုးဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်အားလုံးနီးပါးကတော့တူညီကြပါတယ်။

၃။ Hardware Button များကိုအသုံးပြုပြီး Reset တစ်ခုပြုလုပ်ခြင်း
================================
ဒီတစ်ခါ Factory Reset တစ်ခုပြုလုပ်ဖို့ရန်အတွက် Hardware Button များကို
အသုံးပြုပြီး Reset ချပေးနိုင်ပါတယ်၊ Samsung Device တိုင်းမှာ Recovery Mode ကနေ
အလွယ်တကူပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒီနေရာမှာလည်း Factory Reset မပြုလုပ်မှီ
Wipe cache partition & Wipe data/factory reset ဆိုပြီး
နှစ်မျိုးဖြစ်တဲ့အတွက် ပထမဆုံးပြုလုပ်ပေးရမှာက Wipe cache partition ဖြစ်ပါတယ်။

Data factory reset ပြုလုပ်တော့မယ်ဆိုရင်
အရင်ဦးဆုံးလုပ်ပေးရမယ့်အပ်ိုင်းလည်းဖြစ်ပါတယ်။

"Wipe cache partition" ပြုလုပ်ပေးခြင်း
====================
၁။ ဖုန်းကိုပါဝါပိတ်လိုက်ပါ
၂။ Volume Up, Home and Power buttons များကို
တစ်ပြိုင်တည်းတွဲနှိပ်ထားပါ၊
၃။ အောက်ပါပုံအတိုင်း Recovery Mode ကိုရောက်သွားပါလိမ့်မယ်။

၄။ အောက်သို့ဆင်းရန် Vo+Down ကိုနှိပ်ပါ၊ အပေါ်သို့တက်ရန်
Vo+Up ကိုနှိပ်ပါ၊ အတည်ပြုရန်အတွက် ပါဝါကီးကိုနှိပ်ပါ။
၅။ “wipe cache partition” ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပါ။
၆။ Yes...Wipe Cache....ဆိုတာကိုနှိပ်ပေးလိုက်ရုံပါပဲ။

Wipe data/factory Reset ပြုလုပ်ပေးခြင်း
======================
Factory Reset ချပေးရန်အတွက် “wipe cache partition” ကိုအရင်ဦးဆုံး
ရှင်းထုတ်ပြီးတဲ့နောက် Wipe data/factory Reset ပြုလုပ်ပေးရတော့မှာဖြစ်ပါတယ်။

ဒီအတွက်လည်းအရမ်းလွယ်ကူပါတယ်၊ တစ်ခါလောက်လုပ်ဖူးတယ်ဆိုရင်ပဲ
နောက်နောင်လည်းဒီအတိုင်းပဲဆိုတာကိုသဘောပေါက်နိုင်ပါတယ်။

၁။ ဖုန်းကိုပါဝါပိတ်လိုက်ပါ
၂။ Volume Up, Home and Power buttons များကို
တစ်ပြိုင်တည်းတွဲနှိပ်ထားပါ၊
၃။ Recovery Mode ကိုရောက်သွားပါလိမ့်မယ်။

၄။ အောက်သို့ဆင်းရန် Vo+Down ကိုနှိပ်ပါ၊ အပေါ်သို့တက်ရန်
Vo+Up ကိုနှိပ်ပါ၊ အတည်ပြုရန်အတွက် ပါဝါကီးကိုနှိပ်ပါ။
၅။ Wipe data/factory Reset နေရာကိုသွားပြီးတစ်ချက်နှိပ်ပါ။
၆။ Yes...Delete to all user... ပါတဲ့နေရာကိုရွေ့ပြီး နှိပ်ပေးလိုက်ရုံပါပဲ။

Hard Reset တစ်ခုပြုလုပ်ပြီးတဲ့နောက်မှာ အောက်ပါ
အကျိုးရလာဒ်များကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Credit : thu rain

Saturday, June 3, 2017

Messager blockနည်း/ဖြည်​နည်း

​Messagerမှာကိုစကားမ​ပြောချင်​တဲ့သူ​တွေကိုblockထားတဲ့နည်း​လေးပါ​တော်​​တော်​များများက​တော့သိပါတယ်​မသိ​သေးတဲ့သူများရှိခဲ့ရင်​အဆင်​​ပြေ​အောင်​တင်​တာပါ ဆရာများ​ကျော်​ခွသွားပါ ​အောက်​မှာပုံ​တွေနဲ့ပြထားပါတယ်





😄😄😄


Cirrhosis Liver အသည်းခြောက်ရောဂါ



Cirrhosis Liver အသည်းခြောက်ရောဂါ

အရက်သောက်သူတွေက ဒီစာမျိုးမဖတ်ကြမှန်းတော့သိပါတယ်။ ဆေးလိပ်သောက်သူက သူ့ဘေး ၆ ပေ ပတ်လည်ကိုသာ ရောဂါရစေနိုင်တယ်။ အရက်ကတော့ သောက်တဲ့သူသာမက မိသားစုနဲ့ အသိုင်းအဝိုင်းကိုပါ ဒုက္ခအကြီးအကျယ် ပေးပါတယ်။ ကျွန်တော် ဆေးပညာစာရေးရင် ခြောက်လှန့်ချဲ့ကား မရေးသားပါ။


၁။ ဆရာရှင့် ကျွန်မအဖေက အသက် ၆၃ နှစ်ပါ။ အရင်ကအရက်သောက်လို့ အသည်းခြောက်ခဲ့ပါတယ်။ အခုကျွန်မတို့ မိသားစုကိုလဲ မမှတ်မိပါဘူး။ တချိန်လုံးအရူးတယောက်လိုလမ်းလျောက်နေပါတယ်။ တခါတလေ သူငယ်ပြန်ပါတယ်။ ကျွန်မတို့လဲ ဘယ်လိုလုပ်ရမှန်းမသိလို့ သူပျောက်မှာစိုးတာကြောင့် နောက်ကလိုက်နေရပါတယ်ဆရာ။ ကျွန်မတို့က့ မြို့မှာနေတာပါဆရာ။ တချို့က အဲ့ရောဂါက ကုလဲမပျောက်ဘူးပြောလို့ ကုလို့ရ မရသိချင်ပါတယ်။ ဒီမှာ ဆရာဝန်နဲ့ပြတော့ မသက်သာလို့ပါဆရာ။ ဆရာကျန်းမာပါစေ။


၂။ ဆရာ မင်္ဂလာပါရှင့် သမီးအမေက အသက် ၆၁ နှစ်ပါ။ ကွမ်းလည်းစားပါတယ်။ အခု အမေက သားအိမ်ကျလို့ဆိုပြီး ဆေးခန်းသွားပြတာပါ။ ဗိုက်တောင့်တောင့်နေလို့ဆိုပြီး ဆရာမက အသည်း ကို Ultrasound ရိုက်ခိုင်းပါတယ်။ အသည်းခြောက်တယ်လို့ ပြောပါတယ်။ အမေက ဘီပိုးကာကွယ်ဆေးလည်း ထိုးထားပါတယ်။ အမေ့ Ultrasound အဖြေကိုလည်းဆရာကြည့်နိုင်အောင် ပို့ပေးလိုက်ပါတယ်ရှင့် သမီးသိချင်တာ အသည်းခြောက်တာ အသည်းကင်ဆာ ဖြစ်လာနိုင်လား။ သက်တမ်းစေ့နေနိုင်ပါသလား။ သက်တမ်းစေ့နေနိုင်အောင် ဘာတွေများ ဆောင်ရန်/ရှောင်ရန်ကို သိချင်ပါတယ်ရှင့်။


အ​ဖြေ=


အသည်းခြောက်ရောဂါဟာ တနည်းနည်းကြောင့် နာတာရှည်အသည်းရောဂါဖြစ်ပြီးနောက် ဆက်ဖြစ်လာတာဖြစ်တယ်။ အသည်းရောင် စီ၊ အသည်းရောင် ဘီ၊ အရက်စွဲရောဂါ နဲ့ အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီဖုံးသူတွေကနေ ဖြစ်လာနိုင်တယ်။ တခြားအကြောင်းတွေလည်း ရှိပါသေးတယ်။ ဖြစ်လာရင် အသည်းက လိုသလောက်နဲ့ လိုသလို မလုပ်နိုင်တော့ဘူး။ နောက်ဆက်တွဲတွေဖြစ်နိုင်တယ်။ ဖျင်းစွဲမယ်၊ အစာလမ်းကနေ သွေးယိုမယ်၊ အသားဝါမယ်၊ ဦးနှောက်ကို ထိခိုက်မယ်၊ ကျောက်ကပ်၊ အဆုပ်ထိခိုက်မယ်၊ အသည်းကင်ဆာ ဆက်ဖြစ်နိုင်တယ်။ ဖြစ်လာရင် ဖြစ်စေတဲ့ အကြောင်းတရားကို ကုသရမယ်။ ဆက်ဖြစ်လာတာတွေကို ကုသရမယ်။ တိုးမလာအောင် ဆင်ခြင်ရမယ်။ အသည်းခြောက်နေပြီဆိုတာ ရောဂါရှေ့ရောက်တာဖြစ်တယ်။ အသည်းမှာ အမာရွတ်တွေနဲ့ အဖုအသီးလေးတွေ ရောဖြစ်နေတယ်။ ပြောင်းသွားတဲ့ အသည်းနေရာက သူ့အလုပ်သူ မလုပ်နိုင်တော့ပါ။ တချိန်မှာ အသည်းအစားထိုးရမယ်။


ခံစားရမှာတွေက အသည်းဆဲလ်တွေ အလုပ်မလုပ်တော့လို့ဖြစ်ရတဲ့ တိုက်ရိုက်ဖြစ်လာတာတွေနဲ့ အစာလမ်းကြောင်း သွေးလှည့်စနစ်ချို့ယွင်းလို့ ဖြစ်တာတွေကို စုပေါင်းပြီး ခံစားရလိမ့်မယ်။


အသည်းအလုပ်ပျက်ရင်

• Spider angiomata or spider nevi အရေပြားပေါ်မှာ သွေးကြောလေးတွေက ပင့်ကူးအိမ်လိုဖြစ်တာ၊

• Palmar erythema အီစထိုဂျင်းဟော်မုန်း များလာလို့ လက်ဝါးမှာ နီမြန်းနေတာနဲ့ ရင်သား ကြီးလာတာ၊

• Hypogonadism လိင်ပိုင်းဆိုင်ရာဟော်မုန်းတွေနည်းလာတာ၊ ပန်းသေ-ပန်းညှိုး၊ လိင်စိတ်နည်း၊ ကျားအစေ့သေးငယ်၊

• အသည်းအရွယ်အစား ကြီးနိုင်သေးနိုင်တယ်။

• အသည်းခြောက်ရာကနေ ရေဖျင်းဖြစ်လာမယ်။ လူကအရင်ကလို သက်တောင့်သက်သာမနေနိုင်တော့ပါ။ ပိုးဝင်တာလဲ သူများထက်ခံရနိုင်တယ်။
• Fetor hepaticus အသက်ရှူထုတ်တာမှာ dimethyl sulfide ဆာလ်ဖါနံ့ထွက်နေမယ်၊

• Jaundice အသားအရေ၊ မျက်လုံး၊ ဆီးဝါလာမယ်။ လူမြင်ရတာသာမက ကိုယ်ထဲမှာပါ ဝါနေမယ်ဆိုတာ သတိပြုပါ။ သွေးစစ်လို့ bilirubin 2–3 mg/dL or 30 mmol/L ကျော်တာနဲ့ ဝါတာကို မြင်ရပြီ။


အစာလမ်းကြောင်း သွေးလှည့်စနစ် ချို့ယွင်းလို့ ဖြစ်မှာတွေ

• ဘေလုံးကြီးလာမယ်၊

• အစာမြိုပြွန်အောက်ဖျားမှာ သွေးပြန်ကြောတွေထုံးနေမယ်။ အဲဒါကနေသွးယိုမယ်။ ရုတ်တရက်ဖြစ်လို့ ဆေးကုချိန် မမီရင် အသက်ဆုံးပါးနိုင်တယ်။

• ချက်နားမှာ သွေးပြန်ကြောတွေဖေါင်းလာမယ်၊

• နှလုံးကို နားကြပ်နဲ့နားထောင်ရင် ရင်ခေါင်းနေရာမှာ အသံတမျိုးကြားရမယ်။

• လက်သည်းခြေသည်းတွေ ပြောင်းမယ်။ Terry's nails ဆိုတာ လက်သည်း အဖျားပိုင်း ၃ ပုံ ၁ ပုံက ဖြူနေတာကို ခေါ်တယ်။ လက်သည်းကို ဘေးတိုက်ရော ထိပ်ကနေပါကြည့်ရင် အလယ်မှာခုံးနေမယ်။

• အရိုးအရှည်စားတွေ ရောင်ပြီး နာမယ်။

• လက်ဝါး ကွေးထားသလို ကောက်နေမယ်။

• အားယုတ်မယ်၊ အစားပျက်မယ်၊ ကိုယ်အလေးချိန်ကျလာမယ်။


ရောဂါရှေ့တိုးလာရင်

• သွေးခြည်ဥတွေထွက်မယ်၊ သွေးယိုတာတွေဖြစ်မယ်။

• ဦးနှောက်ကိုထိခိုက်ပြီး အသိစိတ်ရှုတ်ထွေးတာနဲ့ သတိလစ်တာဆက်ဖြစ်လာမယ်။

• ရောဂါတခုခုဝင်လို့ ပေးရမဲ့ဆေးတွေကို သတိနဲ့ဆင်ခြင်ရပါတော့မယ်။

ဘာလို့ဖြစ်သလဲ

• ၃ဝ% ဟာ (ဘီ) ပိုး၊ ၂၇% ဟာ (စီ) ပိုးကနေဆက်ဖြစ်တယ်။ ၂ဝ% ဟာ အရက်ကနေဆက်ဖြစ်တယ်။

• အရက်အသည်းရောဂါဟာ အရက်သောက်များသူ၊ ကြာသူတွေထဲက ၁ဝ-၂ဝ% မှာဖြစ်တယ်။

• အရက်နဲ့မဆိုင်ဘဲဖြစ်တာလဲရှိတယ်။ အဆီတွေစုလာလို့ပါ။ အဝလွန်သူတွေ ၄ဝ% မှာဖြစ်တယ်။ ဆီးချိုရှိသူ၊ နှလုံးသွေးကြောရောဂါရှိသူတွေမှာလဲ ဖြစ်နိုင်တယ်။ အရက်မသောက်တဲ့ အမျိုးသမီးတွေမှာဖြစ်ရတာ ဒါမျိုးပါ။


ဓါတ်ခွဲခန်းစစ်ဆေးချက်များ

• Thrombocytopenia သွေးမှုံနည်း၊

• AST နဲ့ ALT တွေက အသင့်အတင့်များခြင်း။

• Alkaline phosphatase အနည်းငယ်များခြင်း။

• Gamma-glutamyl transferase များခြင်း၊

• Bilirubin အစောပိုင်းမှာ ပုံမှန်ပေမဲ့ ကြာရင် များလာမယ်။

• Albumin နည်းခြင်း၊

• Prothrombin time များခြင်း၊

• Globulins များခြင်း၊

• Serum sodium နည်းခြင်း၊

• Leukopenia and neutropenia နည်းခြင်း၊

• တခြားစစ်ဆေးနည်းတွေလုပ်နိုင်တယ်။ Serology for hepatitis viruses, autoantibodies, Ferritin and transferrin saturation, Immunoglobulin levels (IgG, IgM, IgA), Cholesterol and glucose, Alpha 1-antitrypsin, CT of the abdomen, Ultrasound, Endoscopy, Gastroscopy


ဘယ်လိုလုပ်နိုင်သလဲ

• အားမနာတမ်းပြောရရင် အသည်းပျက်စီးပြီးသား ရင်းစားပြန်မရတော့ပါ။ ဆက်မတိုးအောင်သာလုပ်ပေးနိုင်ပါတယ်။ နောက်ဆက်တွဲဖြစ်စရာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

• ပိုးဝင်နေရင်ပိုးသေဆေးပေးမယ်။ ယားနေရင်၊ ဝမ်းချုပ်နေရင် ဆိုင်တဲ့ဆေးပေးမယ်။

• အရက်ကြောင့်ဖြစ်ရသူက လုံးဝအရက်ဖြတ်လိုက်ပါ။

• (ဘီ) ပိုး၊ (စီ) ပိုရှိသူက ဆိုင်ရာဆေးကုနည်းလုပ်ရပါမယ်။

• Corticosteroids ဆေးကို Autoimmune hepatitis အတွက်ပေးမယ်။

• Wilson's disease ဆိုရင် Chelation therapy (Penicillamine) ဆေးနဲ့ copper (ကောပါး) တွေကို သက်သာစေမယ်။

• ကိုယ်ရောင်၊ ဖျင်းစွဲနေသူ အငန်ရှောင်ပါ။ ဆီးသွားစေတဲ့ဆေးသုံးတယ်။ Aldosterone antagonists (Apironolactone) နဲ့ Loop diuretics ဆေးတွေသုံးတယ်။

• လိုအပ်သူကို ဗိုက်ထဲကအရည်ကို ဖေါက်ထုတ်ပေးရတယ်။

• အစာမျိုလမ်းသွေးယိုရင် အရေးပေါ်ကုသရမယ်။

• ဦးနှောက်ထိခိုက်တာကို ပရိုတင်းလျှော့စားစေရတယ်။


တခြားဆိုးတဲ့ရောဂါမရှိသူတွေက နောက်ဆုံးမှာ အသည်းအစားထိုးကုသရတော့ပါမယ်။ အမေရိကားမှာ တနှစ်ကို လူပေါင်း ၂၇ဝဝဝ သေဆုံးနေရတယ်။ ရောဂါနောက်ပိုင်းရောက်နေသူတွေထဲက ၁ဝ နှစ်နေရင် ၃၄-၆၆% သေဆုံးရတယ်။


မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ အသည်းကောင်းကြပါစေ။


Cirrhosis အသည်းခြောက်ရောဂါ
 http://doctortintswe.blogspot.com/2014/11/cirrhosis.html
Cirrhosis Diet အသည်းခြောက် အစားအသောက်  http://doctortintswe.blogspot.com/2014/12/cirrhosis-diet.html

Primary biliary cirrhosis အရက်ကြောင့်ဖြစ်တာမဟုတ်တဲ့ အသဲခြောက်ရောဂါ
 http://doctortintswe.blogspot.com/2017/01/primary-biliary-cirrhosis.html

Dr..Tint Swe


Allergic skinအ​ရေပြား(အလာဂျီ)

Allergic skin အရေပြား (အလာဂျီ)

1. သမီး လက်နဲ့ခြေထောက်တွေမှာ အနီအဖုသေးလေးတွေထွက်လာတယ်။ အရေခွံလေးတွေက ပုံထဲမှာလိုပဲ ခြောက်သွားတယ်။ အရေခွံလေးတွေခြောက်လို့ လက်သည်းနဲ့ခြစ်လိုက်ရင် ဗောက်လိုပဲ အရေခွံလေးတွေ ပါလာတယ်။ ဒါပေမယ့်ပုံထဲကလို အရေပြားမှာအဖြူစက်ကလေးတွေကျန်နေတယ်ဆရာ။ သမီးလည်း အစကမနာတော့ သတိမထားမိဘူးဆရာ။ သတိထားမိတော့မှခြေထောက် လက်တွေမှာ ဆက်တိုက် ပေါက်နေတယ်။ အခုထိပဲဆရာ။ လိုအပ်တာကိုညွှန်ကြားပေးပါဦးဆရာ။
2. ဆရာ Allergy အကြောင်းတင်တာနဲ့သမီး ဖြစ်နေတာလေးပြောပါရစေ။ သမီးအသက် ၄၆ နှစ်ပါ။ လွန်ခဲ့တဲ့ ၅နှစ်ခန့်ကအသားတွေယားလို့သွေးစစ်ဘူးပါတယ်။ အထွေထွေအထူးကုသမားတော် ဒေါက်တာ့ နဲ့ပါ။ သွေးထဲမှာ Allergy ဖြစ်တဲ့သွေးပါတယ်ပြောပါတယ်။ အဲတုန်းကတဲ ကနေ CETRINE ဆေးကို တနေ့တလုံး သောက်လာတာ ၅နှစ်ခန့်ရှိပါပြီ။ မသောက်ရင်အသားတွေယားလာတာပဲဆရာ။ အဲဒါ အဲဒီဆေးဆက်သောက်ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ။ နောက်ပြီး ဆရာဝန်နဲ့ပြန်ပြီးဆေးကုသမှုဆက်လက်ခံယူသင့်ပါသလား။ အဲလောက်ကြာနေတဲ့ရောဂါ ပျောက်နိုင်ပါ့မလားဆရာ။


(အင်တီဟစ်စ်တမင်း) တွေထဲမှာ Cetirizine (HCl) ဆေးကို အများဆုံးသုံးတယ်။ အအေးမိပျောက်ဆေး၊ ချောင်းဆိုး ပျောက်ဆေး စတာတွေထဲမှာပါတယ်။ မသောက်ဘူးသူ မရှိသလောက် အသုံးများလှတဲ့ဆေးဖြစ်တယ်။ (အင်တီဟစ်တမင်း) ဆေးအုပ်စု၊ ဒုတိယမျိုးဆက်ဖြစ်တယ်။ အရင်ပေါ် ပဌမမျိုးဆက် Chlorpheniramine Maleate (ကလိုဖင်နရာမင်း) မြန်မာပြည်မှာရတဲ့ Burmeton လို မအိပ်ချင်ဘူးဆိုပေမဲ့ နဲနဲတော့ အိပ်ချင်တာပါဘဲ။ အင်းဆက်ကောင်တွေ ကိုက်တာအတွက်လဲ သုံးတယ်။ ဘယ်နေရာက ဘာလို့ယားယား ဒီဆေးဘဲ သုံးတာများတယ်။ လူကြီးတွေကို တည ၁ ပြားပေးတယ်။

ဘေးထွက်ဆိုးကျိုးတွေက မဆိုးပါ။ သာမန်လောက်သာ ဖြစ်ပါတယ်။ ခေါင်းကိုက်၊ အာခေါင်ခြောက်၊ အိပ်ချင်၊

Cetirizine hydrochloride (စီထရွက်ဇင်း) ဆေး
Urticaria အင်ပြင်ထတာနဲ့ Allergic Rhinitis အလာဂျီကြောင့်နှာခေါင်းမွှန်တာအတွက် အတွက် 5 to 10 mg တနေ့ ၁ ကြိမ်။
ကလေး ၆ လမှ ၂ နှစ် 2.5 mg တနေ့ ၁ ကြိမ်။ ၁ နှစ်အထက် 2.5 mg - 5 mg တနေ့ ၂ ကြိမ်။ ၆ နှစ်ကလေး 5 to 10 mg တနေ့ ၁ ကြိမ်။

ဘေးထွက်ဆိုးကျိုးများ ၆ နှစ်မှ ၁၁ နှစ်အရွယ် ကလေး ၉ဝဝ ကျော်ကို ၂ ပါတ်မှ ၆ ပါတ်ပေးပြီး၊ သုတေသနလုပ်ခြင်း ရလဒ်များ = အများစုတွင် သာမန်မှ အသင့်အတင့် ဘေးထွက်ဆိုးကျိုးများတွေ့ရ။ ခေါင်းကိုက် = ၁၁-၁၄%၊ လည်ချောင်းနာ = ၆့၂-၂့၈%၊ ဗိုက်နာ = ၄့၄-၅့၆%၊ ချောင်းဆိုး = ၄့၄-၂့၈%၊ ဝမ်းပျက် = ၁့၉-၄့၂%၊ နှာခေါင်းသွေးယို = ၃့၇-၁့၉%၊ ပျို့ချင် = ၁့၉-၂့၈%၊ အန် = ၂့၅-၂့၃%၊ ရင်ကြပ် = ၃့၁-၁့၉%။

Skin Creams and Lotions လိမ်းဆေး
အရေပြားမှာ ယားယံပြီး အနီပိန့်တွေအတွက် Calamine lotion ကောင်းပါတယ်။ Zinc oxide (ZnO) + 0.5% Ferric oxide (Fe2O3) ရောထားတဲ့ဆေးဖြစ်တယ်။ Moisturizer နဲ့ Hydrocortisone cream ကိုဆောင်ထားပါ။ Moisturizers ကနေ အရေပြားကို ယားတာ၊ နေမထိထိုင်မသာဖြစ်တာကို သက်သာစေမယ်။ Hydrocortisone ကနေ ရောင်ရမ်းခြင်း ဖြစ်စဉ်ကို သက်သာစေမယ်။

ယားယံတာကို ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာနိုင်-ရှောင်နိုင်မှသာ ပျောက်မှာပါ။ ဆေးက ဖြစ်လာတာကိုသာ သက်သာစေမယ်။

Cetirizine အပြင် (အင်တီဟစ်တမင်း) ခေါ် (အလာဂျီ) အတွက် ဆေးတွေကအမျိုးမျိုးရှိတယ်။ Chlorpheniramine, Cinnarizine, Clemastine, Cyclizine, Desloratadine, Dexchlorpheniramine, Dimenhydrinate (most commonly used as an antiemetic), Dimetindene, Diphenhydramine (Benadryl), Doxylamine, Ebastine, Embramine, Fexofenadine, Levocetirizine, Loratadine, Meclozine Hydrochloride, Olopatadine, Pheniramine, Promethazine, Quetiapine စတာတွေဖြစ်ပါတယ်။

Dr. တင့်ဆွေ

Friday, June 2, 2017

Play Store errorနှင့် Gmail error​ဖြေရှင်းနည်း

Play Store errorနှင့် Gmail error​ဖြေရှင်းနည်း

အင်တာနတ်သုံးသူ တွေမှာဖြစ်တဲ့ google play store နဲ Gmail တို့ ဟာ မကြာခုန error ကျပြီး အသုံးမဝင်ဖြစ်လာပါတယ်" ဒါကို ဘာဖြစ်မှန် မသိလို့ Mobile ဖုန်းဆိုင်မှာ သွားလုပ်ပြီး ငွေကုန်တဲ့သူတွေလည်း ရှိပါတယ်"Gmail error ကျတဲ့ ပုံစံ Gmail အကောင်န့် အသစ်ကို သွားလိုက်ပါက Try again later ပြပြီး Next ပုံစံ ဆက်မတော့ပါဘူး / Gmail ထည့်ထားတဲ့ သူတွေကျတော့ Gmail ကစာအိပ်တွေ လုံးဝမလာတော့ပါဘူး Gmail နဲ ပတ်သတ်တာ သင့်ဖုန်းမှာ လုံးဝ သုံးမရတော့ပါ / ဒါက Gmail error ကို ဆိုတာပေါ့.
Play Store error က တော့ error ရှိပါတယ် internet ရှိလျက်နဲ ဘာကြောင့် Play Store က သုံးမရတာလဲ ဆိုတာ ခံဖူးကြသူတွေ ရှိမှာပါ connection out ဆိုတာပေါ် မှာပေါ့ ဒါက Play store သုံးမရတာကို ဆိုတာပေါ့ "
ဒါက အင်တာနတ်သုံး သူတွေရဲ့ ဖုန်းမှာ ဖြစ်တတ်ပါတတ်ပါသည် ခုမဖြစ်သေးလဲ နောက်ဖြစ်လာနိုင်ပါသည်"
လုပ်ရမှာက ဆိုင်းသွားစရာမလိုဘူး
ကွန်ပျူတာ မလိုဘူး
Root Explorer Pro ဆော့ဖ်ဝဲလိုပါသည်"
https://www.mediafire.com/download/c8l10mben2gqlii
Application ကို ဖွင့်ပါ
System ကိုရှာပြီး Click ပါ
System ထဲက etc ကို Click ပါ
etc ထဲက hosts ကို ဖိနှိပ်ပြီး Delete နဲ "ဖျက်ပေးလိုက်ပါ"
ဒါဆို error ဖြစ်နေတဲ့ Play Store /Gmail တို့ကို အရင်လိုမြန်​မြန်​ဆန်ဆန် အသုံးပြုနိုင်မှာပါ"
ဖုန်း မှာ Root လုပ်ထားရမယ်နော်







Facebook High message,High Postပြုလုပ်နည်း

ကိုယ်ကောင်မလေးနဲ့စကားပြောထားတဲ့ messag တွေသူများကြည့်မှာကြောက်ရင် ဝှက်ထားမယ်

*********************************************

Facebook မှာ hide post တွေကိုပြန်ဖော်မယ်

*********************************************

မသိ​သေးတဲ့သူ​တွေအတွက်​ပါ



















​


သင်​F.bမသုံး​တော့ရင်​ဘသူ​တွေကဘလိုခံစား​နေကျမလဲ

 သင့်အ​ဖြေကိုသိရန်​နှိပ်​ပါ 👉 နှိပ်ပါ 👈






Facebook password မေ့လျှင် ပြန်ယူနည်း

မင်္ဂလာပါ facebook password မေ့လျှင် ပြန်ယူနည်းလေး




😛😛😛😛