Monday, August 8, 2016

Poke’mon Go ဂိမ်းမှာဆရာတစ်ဆူဖြစ်လာစေမယ့်အချက်များ

Poke’mon Go ဂိမ်းမှာဆရာတစ်ဆူဖြစ်လာစေမယ့်အချက်များ

အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာ Poke’mon Go ကို အစွဲကြီးစွဲနေကြပြီး အတော်ဆုံး Poke’mon trainer တစ်ယောက်ဖြစ်လာဖို့ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့player ပေါင်းသန်းနဲ့ချီပြီး ကစားနေကြပါတယ်။ အလုပ်ထွက်ပြီး ကစားတဲ့သူတွေတောင်ရှိနေပါတယ်။

Pokemon Go မိုဘိုင်းဂိမ်းကို Apple App Store နဲ့ Google Play တို့ကနေတဆင့် Download ရယူနိုင်နေပြီဖြစ်ပြီး နိုင်ငံတစ်ချို့မှာတော့ ဆော့ကစားလို့မရသေးပါဘူး။ သြဂုတ်လနောက်ပိုင်းမှာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆော့ကစားလို့ရနိုင်တော့မယ်လို့လည်းသိရပါတယ်။ Pokemon Go ဂိမ်းကိုအောက်က link များမှာရယူနိုင်ပါတယ်။

 Pokémon GO Game for Android အားရယူရန်

 Pokemon.go Game For Iphoneရယူရန်
Poke’mon မာစတာတစ်ယောက်ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ သို့ပေမယ့် သင်အနေနဲ့နည်းလမ်းကို သာသိသွားမယ်ဆိုရင် ကိုယ့်အိမ်ကနေ ခွာစရာမလိုဘဲ ဥ (eggs) တွေကို ပေါက်အောင်လုပ်လို့ရပါတယ်။ Poke’mon ကို မျှားလို့ရပြီး ball တွေကိုလည်း ဆွဲလို့ရသွားမှာပါ။

အခုပြောမှာကတော့ ကမ္ဘာ့အဟော့ဆုံး Poke’mon Go မှာ ဆရာတစ်ဆူဖြစ်ဖို့သင့်အနေနဲ့သိဖို့လိုအပ် တဲ့ အချက်လေးတွေ (tip) အကြောင်းပါ။

Poke’mon Go Tips

eggs တွေ အကောင်ပေါက်ဖို့သင့် iPhone ကို fan တစ်ခုနဲ့တွဲလိုက်ပါ။

Poke’mon eggs အသစ်တစ်လုံး အကောင်ပေါက်လာဖို့ ၅ ကီလိုမီတာလမ်းလျှောက်သွားရမှာ ပျင်းပါ သလား။သင့် iPhone ကို မျက်နှာကြက်ပန်ကာတစ်ခုမှာ တိပ်ကပ်လိုက်ရုံပါပဲ။ မိနစ်ပိုင်းအတွင်း ဥတွေ အကောင် ပေါက်လာပါလိမ့်မယ်။

AR (အာရုံခံဒေတာတွေ ပါတဲ့ လက်တွေ့ရုပ်သံမြင်ကွင်း) ကို ပိတ်ထားပါ။

Poke’mon Goဟာ AR ကို အကြီးအကျယ် ဖန်တီးထားတဲ့ ပထမဆုံးအက်ပ် တစ်ခုဖြစ်ပါတယ်။ဒါပေမယ့် သင်ဟာ အဲဒီ AR ရုပ်သံ မြင်ကွင်းကို ပိတ်ထားလိုက်ရင် Poke’mon လေးတွေကို ဖမ်းရာမှာ တကယ်လွယ်လာ ပါတယ်။ Poke’ Balls လေးတွေကို တော့ ကိုယ့်ခြံထဲမှာ မွေးယူနေရဦးမှာပါ။ အကောင်လေးတွေကို ရှာဖွေဖို့ ကိုယ့်ကင်မရာကို ထားရှိမယ့်အစား ဒီကောင်လေးတွေဟာ ဖန်တီးထားတဲ့ မြက်ခင်းထဲမှာ သူ့ဘာသာသူ ပေါ်လာ ပါတယ်။

Poke’Balls တွေကို ထုတ်ယူပါ။

သင့်ရဲ့ အိတ်ထဲမှာ Poke’Balls တွေ အများကြီး ရှိနေရမှာပါ။ အကြောင်းကတော့ monster ကောင် တစ်ကောင်ကို ဖမ်းမရတဲ့အခါ Poke’Ball ပေါ်ကို နှိပ်နှိပ်ပြီး လွတ်သွားတဲ့ကောင်ကို ဖမ်းလို့ရနိုင်လို့ ဖြစ်ပါတယ်။

Poke’Stops အားလုံးကို ရှာဖွေပါ။


သင့်အနေနဲ့ဒီညနောက်ပိုင်းမှာ သွားတဲ့ စားသောက်ဆိုင်မှာ Poke’Stop တစ်ခု ရှိနေတယ်ဆိုတာ သိချင် ပါသလား။အပေါ်မှာ ကစားသမားတွေ ဖန်တီးထားတဲ့ မြေပုံကိုသုံးပြီး ရှာလို့ရနိုင်ပါတယ်။ ဘယ်သူမဆို ဒီမြေပုံ မှာ လာပြီးပူးပေါင်းလို့ရနိုင်ပါတယ်။ သို့သော်လည်း အချက်အလက်တစ်ချို့တော့ မှန်ချင်မှ မှန်မှာပါ။

ဘောလုံးမြှောက်တာ လေ့ကျင့်ပါ။

သင့်အနေနဲ့ Poke’Ball တစ်လုံးကို ပစ်ဖို့ နှိပ်လိုက်တာနဲ့တစ်ပြိုင်နက် အရောင်မှိန်လာတဲ့ Poke’mon တစ်ဝိုက်က ရောင်ခြယ်စက်ဝိုင်းကို တွေ့ရပါတယ်။Poke’monရဲ့ အသေးဆုံးအမှတ်မှာရှိတဲ့ စက်ဝိုင်းကို ထိအောင် ပစ်ဖို့ အချိန်လိုပါတယ်။ စက်ဝိုင်းအရောင်ကနေ Poke’mon ကောင်လေးတွေကို ဖမ်းရတာ ဘယ်လောက်ခက် သလဲဆိုတာ သင်သိမှာပါ။ အစိမ်းကတော့ လွယ်ပြီး အနီဆိုရင် ခက်သွားပါပြီ။

အငှားမောင်းသမားတစ်ယောက် ငှားပါ။

မြို့ပတ်ပတ်လည် လျှောက်လိမ့်ရမှာ ပျင်းနေပါသလား။အခုဆို Poke’mon hunters တွေအတွက် ကြော်ငြာဝက်ဘ်ဆိုက် ပေါ်မှာ အငှားမောင်းသမား ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ နယူးယော့ခ်မှာဆို Balloon Poke’mon ဖြစ်တဲ့ Jigglypuffs နဲ့Venonats ကောင်လေးတွေကို မြို့အနှံ့ရှာဖွေပေးဖို့ တစ်နာရီ ၂၅ ဒေါ်လာ လောက်နဲ့ငှားလို့ရနိုင်ပါတယ်။

အနီးအနားက နေရာအမျိုးမျိုးကို ကြည့်ခြင်းအားဖြင့် Poke’mon လေးတွေကို ဖမ်းလို့ရမယ့် အခွင့် အလမ်းကို ရှာဖွေဖော်ထုတ်လို့ရပါတယ်။ Poke’mon တစ်ကောင်စီရဲ့ အိုင်ကွန်လေးတွေအောက်ခြေမှာဆို ခြေချောင်းလေးတစ်ချို့ရှိပါလိမ့်မယ်။ ဒါလေးတွေက ဒီကောင်လေးတွေကို ရှာဖို့သင်ဘယ်လောက်ဝေးဝေးထိ လျှောက်သွားရမယ်ဆိုတာကို ညွှန်ပြနေပြီး ခြေထောက်လေးတွေက နည်းလေလေ အကောင်လေးတွေက နီးနီးလေးမှာ ရှိလေလေပါပဲ။

Poke’mon တွေကို ပွားယူပြီး ဖမ်းပါ။


Poke’mon တစ်ခုရှိနင့်ထားပြီးဖြစ်တာနဲ့ သင့်ရဲ့ pokedex ထဲမှာနောက်ထပ် Poke’mon တစ်ကောင် ထပ်ဖမ်းစရာ မလိုဘူးလို့မဆိုပါဘူး။ ဒီကောင်လေးဟာ ရှိပြီးသား Poke’mon ထက် ပိုပြီးတောင် အားကောင်းနိုင် ပါတယ်။အဲ့လိုမှ မဟုတ်ရင် သင်ဟာ သင့်ရဲ့ တစ်ခြား Poke’mon တစ်ခု ထွက်ပေါ်လာဖို့ နောက်ထပ် ပါဝါတွေ ထပ်ရလာအောင် အမြဲပဲ ဝယ်ရပြုရ လုပ်နေရတော့မှာပါ။

curveball ပစ်ပါ။


တကယ့် Poke’mon Master လိုမျိုး ခံစားချင်ပါသလား။ သင့်ရဲ့ Poke’Ball ပေါ်မှာ နှိပ်နှိပ်ပြီး Poke’mon ကို curveball (ဝိုက်ဘောလုံးတွေ) နဲ့ ပစ်ပါ။ ပြီးတာနဲ့ ဘောလုံးကို စက္ကန့်အနည်းငယ်လောက် လှည့်ပေးပါ။ အဲ့သည့်နောက် သင့်ရဲ့ ဖုန်းscreen ဘေးဘက်ဆီကို လှုပ်မြှောက်လိုက်ပြီး သင့်ရဲ့ ပစ်မှတ်ကို ထိဖို့ကွေ့ဝိုက်ပြန် လာတာကို စောင့်ကြည့်ပါ။ မျဉ်းကွေးအတိုင်း ပစ်လိုက်တာနဲ့ XP ပေါ်မှာ ဘောနပ်စ်ပေးမှာပါ။

နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ကစားပါ။Poke’mon Go ကို သင့်နိုင်ငံမှာ မဖြန့်ချိရသေးဘူးလား။ကိစ္စမရှိပါဘူး။ အထက်ပါ ဗွီဒီယိုဖိုင် မှာ ပြောပြထားတဲ့ အဆင့်များကို လိုက်နာခြင်းအားဖြင့် ကစားလို့ရနိုင်ပါတယ် ။ ဒီတော့ သင့်အနေနဲ့ ဘယ်နေရာမှာပဲ နေနေPoke’mon Go ကို ဆော့နိုင်ပါတယ်။

 

(Myanmar Mobile App)

No comments:

Post a Comment