Tuesday, August 16, 2016

Mail ru password ချိန်းနည်း

​Mail ru password ချိန်းဖို့ခက်​​နေတဲ့fri​တွေအတွက်​ပုံ​လေး​တွေနဲ့​အောက်​မှာ​ဝေမျှ​ပေးထားပါတယ်​email​တွေထဲကမှmail ru emailဟာကျ​နော်​အကြိုက်​ဆုံးတခုထဲမှပါ ပါတယ်​














သူငယ်ချင်းတို့လဲအဆင်ပြေကျပါစေ😊😊😊

Tuesday, August 9, 2016

Facebook name တစ်​လုံးထဲဖွင့်နည်း

​နာမည်​ တစ်​လုံးထဲနဲ့F.b acc ဖွင့်နည်း​လေးပါ ​တော်​​တော်​များက​တော့သိကျပါတယ်​ မသိ​သေး​သောnormal user​တွေအတွက်​ပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါတယ်​
​အောက်​မှာပုံ​လေး​တွေနဲ့ပြ​ပေးထားပါတယ်👇👇👇👇👇👇










မင်္ဂလာရှိ​သော​နေ့​လေးဖြစ်​ပါ​စေ





Monday, August 8, 2016

Poke’mon Go ဂိမ်းမှာဆရာတစ်ဆူဖြစ်လာစေမယ့်အချက်များ

Poke’mon Go ဂိမ်းမှာဆရာတစ်ဆူဖြစ်လာစေမယ့်အချက်များ

အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာ Poke’mon Go ကို အစွဲကြီးစွဲနေကြပြီး အတော်ဆုံး Poke’mon trainer တစ်ယောက်ဖြစ်လာဖို့ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့player ပေါင်းသန်းနဲ့ချီပြီး ကစားနေကြပါတယ်။ အလုပ်ထွက်ပြီး ကစားတဲ့သူတွေတောင်ရှိနေပါတယ်။

Pokemon Go မိုဘိုင်းဂိမ်းကို Apple App Store နဲ့ Google Play တို့ကနေတဆင့် Download ရယူနိုင်နေပြီဖြစ်ပြီး နိုင်ငံတစ်ချို့မှာတော့ ဆော့ကစားလို့မရသေးပါဘူး။ သြဂုတ်လနောက်ပိုင်းမှာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆော့ကစားလို့ရနိုင်တော့မယ်လို့လည်းသိရပါတယ်။ Pokemon Go ဂိမ်းကိုအောက်က link များမှာရယူနိုင်ပါတယ်။

 Pokémon GO Game for Android အားရယူရန်

 Pokemon.go Game For Iphoneရယူရန်
Poke’mon မာစတာတစ်ယောက်ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ သို့ပေမယ့် သင်အနေနဲ့နည်းလမ်းကို သာသိသွားမယ်ဆိုရင် ကိုယ့်အိမ်ကနေ ခွာစရာမလိုဘဲ ဥ (eggs) တွေကို ပေါက်အောင်လုပ်လို့ရပါတယ်။ Poke’mon ကို မျှားလို့ရပြီး ball တွေကိုလည်း ဆွဲလို့ရသွားမှာပါ။

အခုပြောမှာကတော့ ကမ္ဘာ့အဟော့ဆုံး Poke’mon Go မှာ ဆရာတစ်ဆူဖြစ်ဖို့သင့်အနေနဲ့သိဖို့လိုအပ် တဲ့ အချက်လေးတွေ (tip) အကြောင်းပါ။

Poke’mon Go Tips

eggs တွေ အကောင်ပေါက်ဖို့သင့် iPhone ကို fan တစ်ခုနဲ့တွဲလိုက်ပါ။

Poke’mon eggs အသစ်တစ်လုံး အကောင်ပေါက်လာဖို့ ၅ ကီလိုမီတာလမ်းလျှောက်သွားရမှာ ပျင်းပါ သလား။သင့် iPhone ကို မျက်နှာကြက်ပန်ကာတစ်ခုမှာ တိပ်ကပ်လိုက်ရုံပါပဲ။ မိနစ်ပိုင်းအတွင်း ဥတွေ အကောင် ပေါက်လာပါလိမ့်မယ်။

AR (အာရုံခံဒေတာတွေ ပါတဲ့ လက်တွေ့ရုပ်သံမြင်ကွင်း) ကို ပိတ်ထားပါ။

Poke’mon Goဟာ AR ကို အကြီးအကျယ် ဖန်တီးထားတဲ့ ပထမဆုံးအက်ပ် တစ်ခုဖြစ်ပါတယ်။ဒါပေမယ့် သင်ဟာ အဲဒီ AR ရုပ်သံ မြင်ကွင်းကို ပိတ်ထားလိုက်ရင် Poke’mon လေးတွေကို ဖမ်းရာမှာ တကယ်လွယ်လာ ပါတယ်။ Poke’ Balls လေးတွေကို တော့ ကိုယ့်ခြံထဲမှာ မွေးယူနေရဦးမှာပါ။ အကောင်လေးတွေကို ရှာဖွေဖို့ ကိုယ့်ကင်မရာကို ထားရှိမယ့်အစား ဒီကောင်လေးတွေဟာ ဖန်တီးထားတဲ့ မြက်ခင်းထဲမှာ သူ့ဘာသာသူ ပေါ်လာ ပါတယ်။

Poke’Balls တွေကို ထုတ်ယူပါ။

သင့်ရဲ့ အိတ်ထဲမှာ Poke’Balls တွေ အများကြီး ရှိနေရမှာပါ။ အကြောင်းကတော့ monster ကောင် တစ်ကောင်ကို ဖမ်းမရတဲ့အခါ Poke’Ball ပေါ်ကို နှိပ်နှိပ်ပြီး လွတ်သွားတဲ့ကောင်ကို ဖမ်းလို့ရနိုင်လို့ ဖြစ်ပါတယ်။

Poke’Stops အားလုံးကို ရှာဖွေပါ။


သင့်အနေနဲ့ဒီညနောက်ပိုင်းမှာ သွားတဲ့ စားသောက်ဆိုင်မှာ Poke’Stop တစ်ခု ရှိနေတယ်ဆိုတာ သိချင် ပါသလား။အပေါ်မှာ ကစားသမားတွေ ဖန်တီးထားတဲ့ မြေပုံကိုသုံးပြီး ရှာလို့ရနိုင်ပါတယ်။ ဘယ်သူမဆို ဒီမြေပုံ မှာ လာပြီးပူးပေါင်းလို့ရနိုင်ပါတယ်။ သို့သော်လည်း အချက်အလက်တစ်ချို့တော့ မှန်ချင်မှ မှန်မှာပါ။

ဘောလုံးမြှောက်တာ လေ့ကျင့်ပါ။

သင့်အနေနဲ့ Poke’Ball တစ်လုံးကို ပစ်ဖို့ နှိပ်လိုက်တာနဲ့တစ်ပြိုင်နက် အရောင်မှိန်လာတဲ့ Poke’mon တစ်ဝိုက်က ရောင်ခြယ်စက်ဝိုင်းကို တွေ့ရပါတယ်။Poke’monရဲ့ အသေးဆုံးအမှတ်မှာရှိတဲ့ စက်ဝိုင်းကို ထိအောင် ပစ်ဖို့ အချိန်လိုပါတယ်။ စက်ဝိုင်းအရောင်ကနေ Poke’mon ကောင်လေးတွေကို ဖမ်းရတာ ဘယ်လောက်ခက် သလဲဆိုတာ သင်သိမှာပါ။ အစိမ်းကတော့ လွယ်ပြီး အနီဆိုရင် ခက်သွားပါပြီ။

အငှားမောင်းသမားတစ်ယောက် ငှားပါ။

မြို့ပတ်ပတ်လည် လျှောက်လိမ့်ရမှာ ပျင်းနေပါသလား။အခုဆို Poke’mon hunters တွေအတွက် ကြော်ငြာဝက်ဘ်ဆိုက် ပေါ်မှာ အငှားမောင်းသမား ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ နယူးယော့ခ်မှာဆို Balloon Poke’mon ဖြစ်တဲ့ Jigglypuffs နဲ့Venonats ကောင်လေးတွေကို မြို့အနှံ့ရှာဖွေပေးဖို့ တစ်နာရီ ၂၅ ဒေါ်လာ လောက်နဲ့ငှားလို့ရနိုင်ပါတယ်။

အနီးအနားက နေရာအမျိုးမျိုးကို ကြည့်ခြင်းအားဖြင့် Poke’mon လေးတွေကို ဖမ်းလို့ရမယ့် အခွင့် အလမ်းကို ရှာဖွေဖော်ထုတ်လို့ရပါတယ်။ Poke’mon တစ်ကောင်စီရဲ့ အိုင်ကွန်လေးတွေအောက်ခြေမှာဆို ခြေချောင်းလေးတစ်ချို့ရှိပါလိမ့်မယ်။ ဒါလေးတွေက ဒီကောင်လေးတွေကို ရှာဖို့သင်ဘယ်လောက်ဝေးဝေးထိ လျှောက်သွားရမယ်ဆိုတာကို ညွှန်ပြနေပြီး ခြေထောက်လေးတွေက နည်းလေလေ အကောင်လေးတွေက နီးနီးလေးမှာ ရှိလေလေပါပဲ။

Poke’mon တွေကို ပွားယူပြီး ဖမ်းပါ။


Poke’mon တစ်ခုရှိနင့်ထားပြီးဖြစ်တာနဲ့ သင့်ရဲ့ pokedex ထဲမှာနောက်ထပ် Poke’mon တစ်ကောင် ထပ်ဖမ်းစရာ မလိုဘူးလို့မဆိုပါဘူး။ ဒီကောင်လေးဟာ ရှိပြီးသား Poke’mon ထက် ပိုပြီးတောင် အားကောင်းနိုင် ပါတယ်။အဲ့လိုမှ မဟုတ်ရင် သင်ဟာ သင့်ရဲ့ တစ်ခြား Poke’mon တစ်ခု ထွက်ပေါ်လာဖို့ နောက်ထပ် ပါဝါတွေ ထပ်ရလာအောင် အမြဲပဲ ဝယ်ရပြုရ လုပ်နေရတော့မှာပါ။

curveball ပစ်ပါ။


တကယ့် Poke’mon Master လိုမျိုး ခံစားချင်ပါသလား။ သင့်ရဲ့ Poke’Ball ပေါ်မှာ နှိပ်နှိပ်ပြီး Poke’mon ကို curveball (ဝိုက်ဘောလုံးတွေ) နဲ့ ပစ်ပါ။ ပြီးတာနဲ့ ဘောလုံးကို စက္ကန့်အနည်းငယ်လောက် လှည့်ပေးပါ။ အဲ့သည့်နောက် သင့်ရဲ့ ဖုန်းscreen ဘေးဘက်ဆီကို လှုပ်မြှောက်လိုက်ပြီး သင့်ရဲ့ ပစ်မှတ်ကို ထိဖို့ကွေ့ဝိုက်ပြန် လာတာကို စောင့်ကြည့်ပါ။ မျဉ်းကွေးအတိုင်း ပစ်လိုက်တာနဲ့ XP ပေါ်မှာ ဘောနပ်စ်ပေးမှာပါ။

နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ကစားပါ။Poke’mon Go ကို သင့်နိုင်ငံမှာ မဖြန့်ချိရသေးဘူးလား။ကိစ္စမရှိပါဘူး။ အထက်ပါ ဗွီဒီယိုဖိုင် မှာ ပြောပြထားတဲ့ အဆင့်များကို လိုက်နာခြင်းအားဖြင့် ကစားလို့ရနိုင်ပါတယ် ။ ဒီတော့ သင့်အနေနဲ့ ဘယ်နေရာမှာပဲ နေနေPoke’mon Go ကို ဆော့နိုင်ပါတယ်။

 

(Myanmar Mobile App)

Facebook Colormentနည္​း

​Facebook မှာPicsay pro apk ကိုအသုံးပြုပီး
Colourment post တင်​နည်းစာအုပ်​​လေးကို
👉👉သည်မှာ👈👈​ဒေါင်းပါ။
ဆရာများ​တော့​ကျော်​သွားကျပါမသိ​သေးတဲ့
သူ​တွေက​တော့ကြည့်သွားပါ:

Sunday, August 7, 2016

Gmail Account တစ်ခုတည်းနဲ့ Facebook Account တွေ အများကြီးဖွင့်နည်း

Gmail Account တစ်ခုတည်းနဲ့ Facebook Account တွေ အများကြီးဖွင့်ကြမယ်

တကယ်တော့အားလုံးသိထားတာကတော့Gmail Account တစ်ခုကို facebook account တစ်ခုပဲ ဖွင့်လို့ရတယ် လို့ပဲ သိထားကြတယ်။


တဂယ်လဲ facebook က mail တစ်ခုကို account တစ်ခုပဲ ပေးဖွင့်တယ်။


ဒါပေမယ့် ကျနော့်မှာ mail account တစ်ခုတည်းနဲ့ facebook account တွေ အများကြီးဖွင့်လို့ရတဲ့နည်းရှိတယ်။


အရင်ဆုံး အသုံးပြုမယ့် mail က ဥပမာအနေနဲ့ koalpha@gmail.com ပဲဆိုပါစို့။


www.facebook.com ကို သွားပြီးတော့ sign up လုပ်ပါ။


အဲ့လို sign up လုပ်တဲ့နေရာမှာ name တို့ Date of Birth စသည်ဖြင့် အားလုံးကို ပုံမှန်အတိုင်းပဲဖြည့်လိုက်ပါ။


ဒါပေမယ့် email address ဆိုတဲ့နေရာမှာ Fake email ဒါမှမဟုတ် မရှိတဲ့ mail address တစ်ခုကို ဖြည့်လိုက်ပြီး sign up လုပ်လိုက်ပါ။ အခြား sign up လုပ်တဲ့ step တွေကိုလည်း ပုံမှန်အတိုင်းပဲ အဆင့်ဆင့်လုပ်သွားပါ။


အဲ့ဒါဆိုရင် email address နဲ့ပတ်သတ်ပြီး သင်ထည့်လိုက်တဲ့ mail ကို verify လုပ်လို့မရဘူး mail မှားနေတယ်လို့ error message ကျလာပါလိမ့်မယ်။


အဲ့အခါကျမှ change email address ကို နှိပ်လိုက်ပြီးတော့ ခုနက တကယ် အသုံးပြုမယ့် mail ဖြစ်တဲ့          ( koalpha@gmail.com ) အစား k.oalpha@gmail.com လို့ဖြည့်လိုက်ပါ။


ဒါဆိုရင် ဘာဖြစ်သွားမယ်ထင်လဲ verification mail က koalpha@gmail.com ကို verify လုပ်သွားမှာဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုရှိတာက တိုက်တိုက်ဆိုင်ဆိုင် အဲ့ k.oalpha@gmail.com က တကယ် ရှိနေရင်တော့ မရဘူးပေါ့ဗျာ ဒါကလဲ တော်တော်တိုက်ဆိုင်မှပါ။


ဒီလိုဆိုရင်တော့ koalpha@gmail.com ကို အသုံးပြုပြီးတော့ facebook account တစ်ခုရသွားပြီဖြစ်ပါတယ်။


ဒါဆို နောက်ထပ် facebook account တစ်ခု ထပ်ဖွင့်ရအောင်



အထက်က sign up လုပ်တဲ့ အဆင့်တွေအတိုင်းပဲ လုပ်ပါ


ဒါပေမယ့် ပထမတစ်ခါတုန်းက k.oalpha@gmail.com နဲ့ လုပ်ရင်နောက်တစ်ခါ ko.alpha@gmail.com နဲ့ပြောင်းလုပ်ပါ။ ဒါလဲအတူတူပဲ koalpha@gmail.com ကို ပဲ verification ပေးမှာပဲ


အဲ့လိုနည်းနဲ့ dot တွေကို နေရာပြောင်းပြောင်းပြီး facebook account များစွာကို ဖွင့်သွားလို့ရပါတယ်

verification mail ကတော့ တစ်ခုတည်းပေါ့


dot တစ်လုံးတည်းကို နေရာပြောင်းဖွင့်တာမှ မလုံလောက်သေးဘူး ထပ်ဖွင့်ချင်သေးတယ်ဆိုရင် dot နှစ်လုံးလဲဖွင့်လို့ရပါတယ် ဥပမာ ko.al.pha@gmail.com ဆိုရင်လဲ ရတယ်လို့ပြောတာပါ။


စမ်းကြည့်ကြပါကုန် :D



Visit website




Friday, August 5, 2016

G mail accountပိုလုံခြုံ​အောင်​ပြုလုပ်​မယ်​

ကျ​နော်​တို့G mail account ကို95%လုံခြုံ​အောင်​ပြုလုပ်​ကျမယ်​
မိမိ၏ G-Mail Account အား 2-Step,3 -Step,4 -Step ခံနည်း tongue emoticon
==============================================
Phone No ဖြင့် 2-Step ခံနည်း
---------------------------------
ပထမဦးဆုံး အခုမှ စလုပ်မယ်ဆိုရင် ဖုန်းနံပတ်ဖြင့် အရင်ဦးဆုံး 2-Step ခံပေးရပါမည်။ဒီလင့်ကို သွားလိုက်ပါ။
https://accounts.google.com/b/0/SmsAuthSettings#devices

Sigin ဝင်ခိုင်းရင် Gmail ဝင်လိုက်ပါ။ အခုမှစလုပ်မှာ ဖြစ်တဲ့အတွက် Start setup ကို နှိပ်လ်ိုက်ပါ။
( ပုံ ၁ကိုကြည့်ရန် )
ပြီးရင် မိမိရဲ့ဖုန်းနံပတ်ကို ထည့်ပေးရပါမည်။ ပြီးရင် အောက်မှာ Text Message ကိုရွေးပါ။ ပြီးရင် Send Code ကိုရွေးပါ။ မိမိဖုန်းနံပတ်ထဲသို့ Google verification code ၆လုံး ပို့ပေးပါလိမ့်မည်။
( ပုံ ၂ကို ကြည့်ရန်)
အဲ့ဒီ code ၆လုံးကို ယူပြီး ဒီမှာ လာထည့်ပေးပါ။ ပြီးရင် Verify ကိုနှိပ်ပါ။ အဆင့်ဆင့် ကျော်ပေးသွားပါ။ Phone No, 2-Step ပြီးသွားပါလိမ့်မည်။
( ပုံ ၃ကို ကြည့်ရန်)
Google Authenticator App ဖြင့် 2-Step ခံခြင်း
----------------------------------------------------
ဒီနည်းလမ်းကတော့ မိမိရဲ့ Gmail Account ကို တစ်ခြားသူတစ်ယောက်ယောက် ဝင်လိုက်တာနဲ့ Google Authenticator App ဆိုပြီး 2-Step လာတောင်းနေပါလိမ့်မယ်။ အဲ့ဒီအခါကျရင် မိမိရဲ့ ဖုန်းထဲက Google Authenticator ထဲက ပြောင်းလဲနေတဲ့ code ၆လုံးကိုထည့်မှ ဝင်လို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုလို့ရတဲ့ဖုန်းအမျိုးအစားများကတော့ Android,iPhone,Blackberry အမျိုးအစား
များ ဖြစ်ပါတယ်။ Android အတွက် Software ကို ဒီကနေဒေါင်းပါ။ iPhone နဲ့ Blackberry ဖုန်းအမျိုးအစားများအတွက်တော့ မိမိဖုန်းထဲကနေ ဒေါင်းလိုက်ပါ။

ဒေါင်းပြီးရင် ဖုန်းထဲကဖြစ်ဖြစ် ကွန်ပျူတာကဖြစ်ဖြစ် ဒီလင့်ကို သွားပါ။
https://accounts.google.com/b/0/SmsAuthSettings#devices
Gmail Login ဝင်လိုက်ပါ။ Verification codes ကိုသွားပါ။ Swithc to app ကိုနှိပ်ပါ။ ကိုယ့် အသုံးပြုမဲ့ဖုန်း Android,iPhone,Blackberry ကြိုက်တာရွေးပါ။
( ပုံ ၄ကို ကြည့်ရန်)
ပြီးရင် Continue ကို နှိပ်ပါ။
(ပုံ ၅ကို ကြည့်ရန်)
BarCode ကို Google Authenticator ထဲက Scan barcode ကို Scan ဖတ်ပေးလိုက်တာနဲ့ Auto Login ဝင်သွားပါလိမ့်မည်။ Authenticator ထဲမှာ မိမိရဲ့ Google ဆိုပြီး Gmail ဝင်သွားပါလိမ့်မည်။ အဲ့ဒီ second 30 အတွင်းပြောင်းလဲနေတဲ့ code ၆လုံးကို ဒီမှာလာထည့်ပြီး Verify and Save နှိပ်လိုက်ပါ။ 2-Step ထပ်ခံပြီးသွားပါပြီ။
( ပုံ ၆ကို ကြည့်ရန်)
Backup codes အနေဖြင့် Backup codes များ ယူထားခြင်း
Print or download နှိပ်လိုက်တာနဲ့ နောက်စာမျက်နှာ တစ်ခုရောက်သွားပြီး အဲ့ဒီမှာ ၁၀ခုစာ code ပေးထားပါလိမ့်မည်။ တစ်နေရာရာ မှာ သိမ်ထားပေးပါ။ အရေးကြုံရင် လိုအပ်လာပါလိမ့်မည်။
( ပုံ ၇ကို ကြည့်ရန် )
Recovery Phone နှင့် Recovery email ခံထားခြင်း
---------------------------------------------------------
ဒီနည်းလမ်းကတော့ မိမိအကောင့်ကို တစ်ယောက်ယောက်က ခိုးယူသွားပြီဆိုပြီး သိလိုက်တာ့ Recovery Phone နှင့် Recovery email ကနေ ပြန်ယူခြင်းဖြစ်ပါသည်။
ဒီလင့်ကိုသွားပါ။
ပြီးရင် Gmail Login ဝင်လိုက်ပါ။ Recovery phone ဘေးနားက Add a phone ကို နှိပ်ပြီး ဖုန်းနံပတ်ထည့်ပြီး Verify လုပ်ပေးပါခင်ဗျာ။ Recovery email နေရာမှာ မိမိယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း ၊ မိတ်ဆွေရဲ့ Gmail ကိုထည့်ပေးရမှာ ဖြစ်ပါတယ်။ မိမိအကောင့်တစ်ခုခုဖြစ်ရင် ပြန်ယူလို့ရအောင်လို့ပါ။ ပြီးရင် Done ကို နှိပ်ပေးပါ။
Google Authenticator,2-Step Ph No , Backup codes တွေကို ဘာလိုု့လုပ်ခိုင်းရလဲဆိုရင် မိမိမသိတဲ့ Browser တွေ မိမိမသိတဲ့ တစ်ခြားဖုန်းတွေမှာ မိမိရဲ့ Gmail နဲ့ Password သိရင်တောင် ဝင်လို့မရပါဘူး။ 2-Step တွေခံထားတာ ဖြစ်တဲ့အတွက် Authenticator နဲ့ ဝင်ရင်ဝင် ၊ မဝင်ရင် 2step Ph No နဲ့ ဝင်ရင်ဝင် ၊ မဝင်ရင် Backup codes နဲ့ ဝင်မှ အဲ့ဒီ Gmail ဟာ ဝင်လို့ရမှာ ဖြစ်ပါတယ်။
Recovery Phone နဲ့ Recovery Mail ကတော့ မိမိအကောင့်တွေကို တစ်ခြားသူတစ်ယောက်ယောက်က ခိုးသွားပြီး Password ချိန်းလိုက်တာ သိလိုက်တာနဲ့ တစ်ပြိုင်နက် Recovery phone,Mail ကနေ ပြန်ယူလို့ ရမှာ ဖြစ်ပါတယ်
PDF ဖိုင်ဖြင့် သိမ်းထားလိုပါက ဒီမှာဒေါင်းပါခင်ဗျ